Saturday, 18 February 2012

ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် မင်းအုပ်စိုး မူးယစ်ရမ်းကားမှုကြောင့် ယာဉ်ကျောပိတ်ဆို့ မှုဖြစ်ပွါးခဲ့

ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် မင်းအုပ်စိုး မူးယစ်ရမ်းကားမှုကြောင့် ယာဉ်ကျောပိတ်ဆို့ မှုဖြစ်ပွါးခဲ့ ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် မင်းအုပ်စိုး အရက်သေစာမူးယစ်သောက်စားမှု
ကြောင့်တာမွေမြို့နယ် ဖိုးစိန်လမ်း Holly Day စားသောက်ဆိုင်ရှေ့လမ်းမတွင်
၁၅မိနစ်ခန့် ယာဉ်ကြောပိတ်ဆိုမှုဖြစ်ပွားခဲ့ . ... ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်
မင်းအုပ်စိုးမှ အရက်သေစာမူးယစ်သောက်စားပီး သစ်ပင်များအား မီးရှို့ခဲ့
သဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား အော်ဟစ်
ဆဲဆိုခြင်း လုံခြုံရေးလုပ်ငန်း လာရောက်လုပ်ဆောင်သော တာမွေမြို့နယ်
ရဲတပ်ဖွဲ့စခန်းမှ ရဲကား ၇ခ။ ၁၇၂၄ ယာဉ်အား လက်သီးဖြင့်ထိုးသောကြောင့်
ရဲတပ်ဖွဲ့ပိုင်ယာဉ် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပ-၇၆/၂၀၁၂ ပုဒ်မ ပပက ၆၁ ဖြင့်
လည်းကောင်း ရရ/၂၀၁၂ ပုဒ်မ ၂၉၄/၃၅၃ ဖြင့် ဒုရဲအုပ် အောင်ကျော်ထွန်း
တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားကြောင်း သိရှိရ/လည်းကောင်းအနေဖြင့်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ရဲစခန်းများတွင် အမှုပေါင်း ၁၁မှုကျူးလွန်ထားကြောင်း သိရသည်။

လှမိုးအောင် (ဖေ့စ်ဘုတ်)
သရုပ်ဆောင်မင်းအုပ်စိုး မူးယစ်ရမ်းကားနေပုံ
မင်အုပ်စိုးကြောင့်မြေခခဲရတဲတာမွေရဲစခန်းက ရဲကားမှန်.....

ဒီလို လူမျိုးကို ထိရောက်စွာ အရေး ယူသင့်ပါတယ် ... အခု ကိုသရဲ တင်သွားတဲ့ ပုံတွေကို ကြည့်ပြီး သူဒါလေးလုပ် တာများဆိုပြီး ဖော့ တွေးမိမှာ စိုး လို့ပါ... ခါးမှာ ပုဆိုးလုံးဝမရှိ၊ အတွင်းခံ လုံးဝ မရှိပဲ မိမွေးတိုင်း ဖမွေးတိုင်း လမ်းလည်ခေါင်နေ့ခင်းကြောင်တောင် အများသူတွေ ရှေ့မှာ ဖြစ်နေတဲ့ ပုံကျန်ပါသေးတယ်... မသင့်တော်လို့ မတင်ပေးတော့ ပါ ဘူး... လူမှုရေး လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့် အနစ်နာ ခံလုပ်တဲ့ အနုပညာရှင်တွေကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ တားမြစ် အရေးယူပါတယ် ... ဒီကောင့်ကိစ္စကို ဘယ်လို ဆုံးဖြတ်မလည်း စောင့်ကြည့် ကြစေချင်ပါတယ် ... သူ့ကြောင့် အနုပညာရှင်အားလုံး ဂုဏ်သိက္ခာ ကျဆင်းရပါတယ်... ပို့စ်လေးအတွက်ကျေးဇူး တင်ပါတယ် ခင်ဗျာ....

No comments:

Post a Comment