Saturday, 17 March 2012

ဘူဒိုဇာနဲ့ ထိုးပြီး ရှင်းမယ်လို့ အပြောခံထားရတဲ့ ရွှေပြည်သားကကျူးကျော်တဲစုများ

ဘူဒိုဇာနဲ့ အထိုးခံရမှာကို ကြေင့်လန့်စွာ နဲ့ အထုပ်တွေသိမ်းသူက သိမ်း၊ ငိုသူက ငိုပေါ့..၊၊

တချို့ကတော့ ရှိတဲ့ဝါးလေးတွေ ပျက်ဆီးမှာစိုးလို့ ဌာနက လာမဖျက်ခင် ကိုယ်တိုင် ဖျက်ထားကြလေရဲ့..၊၊ ဒါပေမဲ့ ဘယ်ကိုမှပြောင်းနေစရာ စရိတ်မရှိလို့ ညပိုင်းဆို ကြုံသလို အိပ်နေကြရတယ်၊၊
 အိမ်ကို ဘူဒိုဇာနဲ့ထိုးမယ် ဆိုတာကို မသိသေးတဲ့ ကလေးငယ်လေးတွေပါ၊၊

                                  အခု တဲစုလေးတွေက ရွှေပြည်သာက ကျူးကျော်တဲစုအိမ်လေးတွေပါ..၊၊ အဲ့ဒီ အိမ်စုလေးတွေမှာ အိမ်ခြေ ၉၈ အိမ်ရှိပြီးတော့ ဘုစုခရု မပါ လူ အရောက် ၄၀၀ ကျော်စုပေါင်းနေထိုင်းကြပါတယ်..၊၊ သူတို့ ကိုယ်တိုင် ကလည်း သူတို့ ကျူးကျော်နေ နေမှန်းသိကြပါတယ်၊၊ ဒါပေမဲ့ မတ်လ ၂၃ ရက် နောက်ဆုံးထားပြီးဖယ်ပေးရမယ်၊၊ မဖယ်ပေးရင် ဘူဒိုဇာနဲ့ လာထိုးမယ် လို့ အပြောခံထားရပါတယ်၊၊ အားလုံးကြာက်နေကြပါတယ်..၊၊ သူတို့အဲ့နေရာမှာ အပြီးမနေချင်ပါဘူး၊၊ ဒါပေမဲ့ ပြောင်ရွှေ့ဖို့အတွက် အချိန်နည်းနည်းလောက် ထပ်တိုးပေးစေ ချင်နေကြပါတယ်..၊၊ အဲ့ဒီနေရာမှာ သူတို့နေလာတာ ၉ နှစ် ကျော်ကြာနေပါပြီ၊၊ ခုမှ ချက်ခြင်းကြီးပြောင်းခိုင်ခံရတဲ့ အပေါ်မှာ အားလုံး အံ့အားသင့်နေကြပါတယ်၊၊ သူတို့က ကျဘမ်း အလုပ်သမားတွေပါ၊၊ ငွေကြေးလည်း အများကြီးမရှိကြဘူး၊၊ မြေနေရာကိုလည်း အပိုင်မလိုချင်ပါဘူး၊၊ အစဉ်ပြေအောင် ရက် ကလေးကိုပဲ တိုးပေးစေချင်ပါတယ်၊၊ မကြာမှီမှာ မွေးတော့မဲ့ ကိုယ်ဝန်ဆောင်တွေ၊ ၁၀ တန်းစာမေးပွဲဖြေရမဲ့ ကလေးတွေလည်း ရှိနေပါတယ်၊၊

                 ကိုရဲ (ဒေါင်းမာန်ဟုန်) မှကူးယူဖေါ်ပြထားပါသည်

No comments:

Post a Comment