နေပြည်တော် ရွှေနန်းတော် ဟိုတယ်မှာ တည်းခိုနေတဲ့ အိန္ဒိယ စစ်သံမှူး Col. Ragesh Kumar ရဲ့ ပတ်စပို့၊ ဒေါ်လာအများအပြား နဲ့ ပစ္စည်းတချို့ အခိုးခံလိုက်ရပါတယ်ဆိုတဲ့ သတင်းက နေပြည်တော်မှာ ပွက်လောညံနေပါသတဲ့။
အဲဒီ ရွှေနန်းတော်ဟိုတယ် ဆိုတာ စစ်ထောက်လှမ်းရေး တဖြစ်လဲ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် စိုးရှိန် ပိုင်ဆိုင်တာပါတဲ့။ဗိုလ်မှူးချုပ်စိုးရှိန်ဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လက်ရင်းတပည့်တဦးပါ။
ဧပြီလ ၉ ရက်နေ့ က ခိုးယူခံရတယ်လို့ စည်းလုံးခြင်းရဲ့အင်အား အင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့ပါသေးတယ်။
နေပြည်တော်က အမည်မဖော်လိုသူ ရဲမှူးတဦးက ဒီသတင်းဟာ ဟုတ်မှန်ကြောင်း ပြောကြားပြီး လက်သည် တရားခံကို ဖော်နိုင်ဖို့ အပူတပြင်း ကြိုးစားနေတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ပျောက်ဆုံးသွားခဲ့ရတဲ့ စစ်သံမှူးရဲ့ ပတ်စပို့်အပါအ၀င် ပစ္စည်းစာရင်းနဲ့ ဖြစ်စဉ် အသေးစိပ်ကို တိတိကျကျ ဖြေကြားမှု မရှိခဲ့ပါဘူး။
မန္တလေးက အိန္ဒိယ ကောင်စစ်ဝန်ရုံးကရော၊ ရန်ကုန်မှာ ရှိတဲ့ အိန္ဒိယ သံရုံးတို့ကပါ ရေငုံနုတ်ပိတ်နေတာ ထူးဆန်းနေတယ်။
အခုလို နိုင်ငံခြားသား သံတမန်တဦးရဲ့ ပစ္စည်းပျောက်မှုဟာ နေပြည်တော်မှာ ပထမဆုံးလည်းဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment