
မေး-ရွှေနန်းတော်စိန်ရွှေရတနာ ၃ ဆိုင် စလုံးမှာဝယ်ယူသူတွေအတွက် လစဉ်အရစ် ကျပေးချေစနစ်နဲ့ ရောင်းချမယ်ဆိုတော့ ဒေါက်တာအောင်ကျော်ဝင်းရဲ့ စိတ်ကူးလို့ သိရတယ်။ဘယ်လိုကြောင့် ဒီစိတ်ကူးဖြစ်လဲ ဆိုတာ သိပါရစေ။
ဖြေ-ရွှေနန်းတော်စိန်ရွှေရတနာ ၃ ဆိုင်စလုံးမှာ လစဉ်အရစ်ကျပေးချေစနစ် (Hire Purchase) စနစ်နဲ့ Customerများကို ရောင်းချပေးဖို့စိတ်ကူးကတော့ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်ဝန်းကျင်ကတည်းက ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာမှာ ကုန်ပစ္စည်း တော်တော်များများ၊ ဥပမာ-အဆောက်အအုံတွေ၊ မော်တော် ကားတွေ၊ Jewellery တွေကို အထက်ပါစနစ်နဲ့သာ ရောင်းချနေတာ နှစ်အတော်ကြာနေပါပြီ။ အဲဒီလိုရောင်းချပေးတဲ့အတွက် ဃကျအသာနမ တွေအနေနဲ့ ငွေ တစ်လုံးတစ်ရင်း တည်း တစ်ခါတည်းသုံးစရာ မလိုဘဲ မိမိအသုံးပြုမယ့်ငွေတန်ဖိုးထဲက ၃ဝ ရာခိုင်နှုန်းကိုပေးချေပြီး ကျန်တဲ့ငွေကို ဘဏ်က Hire Purchaseစနစ်နဲ့ ကြိုတင်ငွေစိုက် ထုတ်ပြီး ပေးချေတဲ့အတွက် Customer တွေအနေနဲ့ အစစအရာရာ မိမိလိုချင်တဲ့ ပစ္စည်းတွေကို ငွေသားချက်ချင်းအကုန် မပေးချေရဘဲ လက်ဝယ်ရောက်ရှိ တဲ့အတွက် Customer များအနေနဲ့ အဆင်ပြေတဲ့အပြင် ဈေးကွက်စီးပွားရေးအရ စဉ်းစားမယ်ဆိုရင်လည်း ပြည်သူများရဲ့ Purchasing Powerကို တစ်ဖက်တစ်လမ်း က မြင့် တက်အောင် ဆောင်ရွက်ပေးခြင်းလည်းဖြစ်ပါတယ်။ Customer များအနေနဲ့ ထိုက်သင့်တဲ့ ငှားရမ်းသုံးစွဲခနဲ့ ဝန်ဆောင်မှုကို ဘဏ်ကိုပေးချေရုံနဲ့ မိမိလိုအင်ဆန္ဒကိုလည်း အချိန်အခါတစ်ခုထိ စောင့်ဆိုင်းစရာမလိုဘဲ ချက်ချင်းလက်ငင်း လက်ဝယ်ရရှိတဲ့အတွက် အစစအရာရာ ပိုပြီး တော့အဆင်ပြေပါတယ်။ နိုင်ငံတကာမှာလည်း ဒီစနစ် ကို နှစ်ပေါင်းများစွာ ကျင့်သုံးနေတာဖြစ်တဲ့အတွက် Customer များရဲ့ ယုံကြည်ကိုးစားမှုကိုရရှိပြီး ပြည်သူများရဲ့ Purchasing Power ကိုလည်း စဉ်ဆက်မပြတ် တိုးမြှင့်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ အဲဒီလိုစိတ်ကူးကြောင့် Hire Purchase စနစ်နဲ့ ရောင်းချနိုင်အောင်လွန်ခဲ့တဲ့ ၃ လဝန်းကျင် KBZ Bank နဲ့ဆွေးနွေးခဲ့ပြီး အခုအခါ စတင်အကောင်အထည် ဖော်နေပြီဖြစ်ပါတယ်။
မေး-လက်ငင်းငွေပေးချေစနစ်နဲ့ အရစ်ကျ ငွေပေးချေစနစ်ရဲ့ကွာခြားချက်။
ဖြေ-လက်ငင်းငွေပေးချေစနစ်မှာ Customer များက မိမိလိုချင်တဲ့ပစ္စည်းတစ်ခုကို ဝယ်ယူနိုင်ဖို့အတွက် အချိန်ကာလတစ်ခု စောင့်ဆိုင်းပြီး ငွေစုရခြင်း၊ တကယ်လို့ စုနေ တဲ့အတောအတွင်း အကြောင်းကိစ္စပေါ် ပေါက်လာပါက စုဆောင်းထားတဲ့ငွေထဲက လိုအပ်သလိုထုတ်ပြီး သုံးစွဲလို့ရတာကြောင့် မိမိလိုချင်တဲ့အဖိုးတန်ပစ္စည်းတွေကို အချိန် နှောင့်နှေးပြီးမှ ဝယ်ယူလို့ရတဲ့အတွက် Customer များအနေနဲ့ စီးပွားရေးရှုထောင့် ဘက်ကသုံးသပ်ရင် လက်ဦးမှုမရဘဲ နှောင့် နှေးမှုများရှိခြင်း၊ တစ်ခါတစ်ရံ မိမိရည်ရွယ်ပြီး ဝယ်မယ့်ပစ္စည်းဟာငွေစုဆောင်းနေတဲ့ကာလ အတွင်း ဈေးနှုန်းများတက်သွားလို့ ထပ်မံငွေ စုဆောင်းရတဲ့အတွက် အချိန်ထပ်မံနှောင့်နှေးပြီး တစ်ခါတစ်ရံ မိမိဝယ်လိုတဲ့ပစ္စည်းကို မဝယ်ဖြစ်ဘဲ မိမိမှန်းထားတဲ့ငွေထက်နည်းတဲ့ ပစ္စည်း ကိုသာဝယ်ယူဖြစ်သွားတဲ့အတွက် စိတ်တိုင်း မကျဖြစ်တတ်ပါတယ်။ အရစ်ကျငွေပေးချေ အနစ်ရဲ့အဓိကအကျိုးကျေးဇူးကအထက် မှာတင်ပြခဲ့သလို မိမိလိုချင်တဲ့ပစ္စည်းကို ၃ဝ ရာခိုင်နှုန်းနဲ့ဘဏ်ကို သင့်တင့်လျောက်ပတ်တဲ့ ဝန်ဆောင်ခနဲ့ ငှားရမ်းခများပေးချေ ပါက ပစ္စည်းကို တစ်ပတ်အတွင်းချက်ချင်းလက်ငင်း ပိုင်ဆိုင်နိုင်ပါတယ်။
ရွှေဆိုင်ထဲမှာ အဆိုးဆုံးကတော သီတာရွှေဆိုင်
ReplyDeleteပန်းထိမ်သမား များလက်လံတာဘဲ ကျန်လူပြောမနေနဲ့တော့
ReplyDelete