အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ILO ၏ ၁၀၁ ကြိမ်မြောက် ညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောမည် ဖြစ်ကြောင်း ILO က ကြေညာသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မေလ ၃၀ ရက်မှ ဇွန်လ ၁၅ ရက်နေ့ထိ ကျင်းပမည့် ညီလာခံသို့ ဇွန်လ ၁၄ ရက်နေ့တွင် ကိုယ်တိုင်လာရောက် မိန့်ခွန်းပြောကြားရန် အတွက် ILO ညွှန်ကြားရေးမှူးချုပ် Juan Somavia ၏ ဖိတ်ကြားချက်ကို
ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ညီလာခံသို့ နိုင်ငံပေါင်း ၁၈၃ နိုင်ငံမှ အစိုးရကိုယ်စားလှယ်များ၊ သမဂ္ဂကိုယ်စားလှယ်များနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ ၄,၀၀၀ ကျော် တက်ရောက်ကြမည် ဖြစ်သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်တွင် ဥရောပနိုင်ငံများ ဖြစ်ကြသည့် ဗြိတိန်၊ နော်ဝေ၊ ဆွစ်ဇာလန်နှင့် အိုင်ယာလန်နိုင်ငံတို့သို့ ဇွန်လအတွင်း သွားရောက်မည် ဖြစ်သည်။
No comments:
Post a Comment