Monday, 14 May 2012

လက် ၁၂ ချောင်း၊ ခြေ ၁၄ ချောင်း နှင့် မြန်မာကလေး ကမ္ဘာကျော်ပြီ

ခချောင်းလက်ချောင်း အများအပြားရှိသည့် မြန်မာကလေးသတင်းကို နိုင်ငံတကာရှိ သတင်းဌာနပေါင်း ၁၀၀ ကျော်က ရေးသား ထုတ်လွှင့်နေကြသည်။

ထိုကလေးမှာ ရန်ကုန်မြို့တွင် နေထိုင်သူ ၁ နှစ် ၄ လအရွယ် လဲ့ရတီမင်း ဖြစ်သည်။

လက် ၁၂ ချောင်းနှင့် သမီးလေးက အရာဝတ္ထုများကို ဆုပ်ကိုင်ရာတွင် “ပိုတောင် မြဲနေသေးတယ်” ဟု အသက် ၂၆ နှစ်အရွယ် မိခင် မမင်းမင်းစိုးက AP သတင်းဌာနကို ပြောသည်။

ကလေးဖခင် ကိုညီညီထွန်းသည် စင်္ကာပူရှိ သင်္ဘောကျင်းတခုတွင် ရှိနေပြီး အလုပ်အကိုင် စာချုပ် သက်တမ်း ကုန်ဆုံးမည့် ၂၀၁၂ ဧပြီလ ကျော်မှ အိမ်ပြန်မည်ဟု AP သတင်းက ဆိုသည်
ခြေချောင်း လက်ချောင်း အများအပြား ပါဝင်သည့် လဲ့ရတီမင်းကို ဂင်းနစ်ကမ္ဘာ့စံချိန်စာရင်းတွင် ပါဝင်နိုင်ရန် မိသားစုက ကြိုးစားနေသည်ဟု ဆိုသည်။


AP သတင်းဌာနက ဤကလေးနှင့် ပတ်သက်ပြီး နိုင်ငံတကာတွင် ထင်ရှားသည့် ခွဲစိတ်ပါရဂူ ဒေါက်တာ Craig Camasta ကို ဆက်သွယ်မေးမြန်းခဲ့သည်။

မိဘတချို့က ၎င်းတို့၏ ကလေးများနှင့် တခြား ကလေးများ မတူကွဲပြားနေခြင်း မလိုလားကြောင်း၊ ကလေးတွင် ခြေချောင်း၊ လက်ချောင်း အပို ပါရှိပါက တနှစ်အရွယ် ရောက်လျှင် ခွဲစိတ် ဖြတ်တောက်လိုကြကြောင်း သူက ပြန်လည် ဖြေကြားခဲ့သည်။

လန်ဒန်အခြေစိုက် ဂင်းနစ်က အသိအမှတ်ပြုပါက ဆုငွေ ပေးမည် မဟုတ်သော်လည်း အသိအမှတ်ပြု မှတ်တမ်းလွှာ ပေးမည် ဖြစ်သည်။

No comments:

Post a Comment