ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင် ကျေးရွာမှ အသက် ၁၆ နှစ် အရွယ်သာ ရှိသေးသော မသီတာထွေးသည် မေလ ၂၈ ရက်နေ့က မုဒိမ်းကျင့်ခံရပြီးနောက် ရက်ရက်စက်စက် သတ်ဖြတ် ခံလိုက်ရသည်။

ရမ်းဗြဲမြို့နယ်မှ ကျေးရွာချင်း ဆက်ထားသော လမ်း။ (ဓါတ်ပုံ- နိရဉ္စရာ)
မသီတာထွေးသည် အဘ ဦးလှတင် (ကွယ်လွန်) အမိ ဒေါ်မမြတို့၏ သမီးဖြစ်ပြီး ရမ်းဗြဲမြို့နယ် ကျောက်နီမော် တိုက်နယ် ချောင်းဝ ကျေးရွာ အုပ်စု သပြေချောင် ကျေးရွာမှ ဖြစ်သည်။
မသီတာထွေးအား မုဒိမ်းကျင့် သတ်ဖြတ်သူများမှာ ကျောက်ထရံကျေးရွာမှ မွတ်ဆလင် လူငယ် သုံးဦး ဖြစ်ပြီး ယခုအခါ တစ်ဦးကို ထွက်ပြေးစဉ် ရမ်းဗြဲတွင် ဖမ်းဆီးရမိထားကြောင်း သူက ပြောသည်။
" သူမကို မုဒိမ်းကျင့်ပြီး သတ်သွားတာက ကျောက်ထရံကျေးရွာက ရိုဟင်ဂျာ ဘင်္ဂလီ လူငယ် (၃)ဦးဖြစ်တယ်လို့ သိရပါတယ်။ သူတို့အထဲက တစ်ဦးကိုတော့ ရမ်းဗြဲမှာ ဖမ်းမိထားပါပြီ။ သူက သူတို့ ကျူးလွန်တဲ့ အကြောင်း ခံဝန်ချက် ပေးထားတယ်လို့ သိရပါတယ်" ဟု သူက ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး သူက ဆက်လက် ပြောကြားရာတွင် မသီတာထွေးသည် ခါတိုင်းနေ့များတွင် တစ်ရွာတည်းနေ မိတ်ဆွေများဖြင့် သူမနေထိုင်ရာ သပြေချောင်း ကျေးရွာသို့ ပြန်လေ့ရှိကြောင်း၊ အခင်းဖြစ်ပွားသည့် ယမန်နေ့ ညနေပိုင်းက ကျောက်နီမော် ကျေးရွာ လမ်းထိပ်တွင် စောင့်နေစဉ် တစ်ရွာတည်းနေသူများ ပေါ်မလာသဖြင့် တစ်ဦးတည်းပြန်စဉ် ကျောက်ထရံ ကုလားရွာ အလွန် တာတမံဘောင်ရှိ ကုက္ကိုပင်တွင် ပုန်းအောင်းစောင့်နေသော မွတ်ဆလင် လူငယ် ၃ ဦးက အတင်းဆွဲချုပ် ဖမ်းဆီးပြီး မုဒိမ်းကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ကြောင်း သူက ပြောသည်။
" အခု လူသတ်မူက မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး လူသတ်မူလို့တောင် ပြောချင်ပါတယ်။ မုဒိမ်းကျင့်ပြီးတဲ့နောက် သူမ လည်ပင်းကို ဓါးနဲ့ လှီးသတ်တယ်။ ရင်ဝကိုလည်း ဓါးနဲ့ အချက်ပေါင်း များစွာ ထိုးသတ်တယ်။ နောက်ကျောမှာလည်း ဓါးဒဏ်ရာ လေးချက် ငါးချက်တွေ့ရပါတယ်။ ပီးရင် သူမ၀တ်ထားတဲ့ ဆွဲကြိုးနဲ့ လက်စွပ် နှစ်ကွင်း၊ နာဋောင်းတွေကိုလည်း ယူသွားပါတယ်" ဟု ပြောသည်။
ကျောက်နီမော် ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲသား တစ်ဦးက ယခုလို ပြောသည်။
" မုဒိမ်းကျင့်ခံရပြီး အသတ်ခံရတာ မှန်ပါတယ်။ သူမရဲ့ ထဘီ၊ အတွင်းခံ ဘောင်ဘီတွေကို သူမရဲ့ အလောင်းဘေးမှာ စုပုံပြီး တွေ့ရပါတယ်။ အသေးစိတ်တော့ မပြောနိုင်သေးဘူး။ အခု ခရိုင် အုပ်ချုပ်ရေးမှူး အပါအ၀င် လူကြီးတွေ ရောက်နေပါတယ်။ စခန်းမှူးလည်း အခု မအား ဖြစ်နေပါတယ်" ဟု ပြောသည်။
ကျောက်နီမော်ရဲစခန်းတွင် ဒေသခံ ဗုဒ္ဓဘာသာဝင် ၇၀၀ ခန့်က လူသတ် တရားခံအား အမြန်ဆုံး ဖေါ်ထုတ်ရန် ယနေ့တွင် ၀ိုင်းဝန်းတောင်းဆိုခဲ့ကြသည်ဟု သိရသည်။
ဆူပူမူများ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးကြီး၊ ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးတို့လည်း ကျောက်နီမော်သို့ ယခုအခါ ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
No comments:
Post a Comment