တောင်ကုတ် အကြမ်းဖက်မှုသတင်း( နောက်ဆက်တွဲ )
နောက်ဆုံးရရှိသည့် သတင်းများအရ သံတွဲစစ်တပ်(ခလရ-၅၅)နှင့်အတူ သံတွဲမြို့ခံမွတ်စလင်များမှ အသတ်ခံရသူများ၏ ရုပ်အလောင်းများ ပြန်လည်တောင်းခံရန် တောင်ကုတ်မြို့သို့ သွားရောက်နေကြောင်း၊ အသတ်ခံရ သူများတွင် တောင်တွင်းကြီးမြို့မှ ဦးနီ၊ ဦးတေဇာ အပါအ၀င်(၄)ဦး၊ မြောင်းမြမြို့မှ (၂)ဦးပါဝင်ကြောင်း သတင်းရရှိပါသည်။ယနေ့၃-၆-၂၀၁၂ရက်နေ့တွင် သံတွဲ-ရန်ကုန်ခရီးသည်တင်လေအိပ်ကား (၂)စီး အားတောင်ကုတ်မြို့အထွက်တွင်အကြမ်းဖက်တိုက်ခိုက်ခံရပါသည်။ သံတွဲမြို့မှ ကိုကျော်ကျော် ၏ ခရီးသည်တင်ယဉ်မှာ ထွက်ပြေးလွတ်မြောက်သွားပြီး သံတွဲဈေးအနီး ဝေလွင်လွင်စတိုးပိုင် ခရီးသည်တင်ကားမှ ခရီးသည် ၁၁ဦး အသတ်ခံရပြီး တောင်ကုတ်မြို့ခံများမှ အဆိုပါကားအားလူ(၁၅၀) ခန့်က၀ိုင်းဝန်း မီးရှို့ဖျက်ဆီးလိုက်သည်ဟု သတင်းရရှိပါသည်။
အသတ်ခံရသည့် (၁၁)ဦးတွင် အစ္စလာမ်ဘာသာဝင်(၉)ဦးနှင့် ဘင်္ဂလီလူမျိုးနှင့်ရုပ်ဆင်တူသည့် ဗုဒ္ဒဘာသာဝင် လူငယ်(၂)ဦးပါဝင်ကြောင်းသိရသည်။ အစ္စလာမ်ဘာသာဝင် (၉)ဦးတွင် သံတွဲမြို့ခံ အမျိုးသမီးတစ်ဦး၊ အမျိုးသား(၂) ဦး၊ မိထ္ထိလာမြို့မှ လာရောက်သည့် ဧည့်သည် အမျိုးသား(၆)ဦးဖြစ်ကြောင်းနှင့် သံတွဲမြို့ခံအမျိုးသား(၂)ဦးတွင် တစ်ဦးမှာ နာမည်ကြီးရှေ့နေ ဦးကျော်ဆင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ကားမှနေလည်(၁)နာရီထွက်သောကားဖြစ် ပြီးတောင်ကုတ်မြို့သို့ရောက်ပြီးအထွက် ၅ နာရီခန့်တွင်အတိုက်ခိုက်ခံရခြင်း ဖြစ်ပြစ်ပြီး လူ( ၁၁ )ဦးအသတ်ခံရပြီဖြစ်သည်ဟုသိရှိရပါသည်
ဒါကတော့ အကြမ်းဖက်မူဖြစ်နေပြိ တာဝန်ရှိသူတွေ အရေးယူပေးစေချင်ပါတယ် ဒိထက်ပိုဆိုးလာရင်မကောင်းတော့ဘူး
ReplyDelete