
လှည်းတန်းမှာ ဖြစ်ပွားခဲ့တဲ့ ချစ်သူ ချင်းစကားများရာမှ လူသတ်မှုအထိ ကျူးလွန်ခဲ့တဲ့ မှုခင်း ဖြစ်ရပ်ကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က လူငယ်ပညာပေး အနေ နဲ့ ဖြစ်ရပ်ကို အခြေခံပြီး ဇာတ်လမ်းအဖြစ် ပုံဖော် ရိုက်ကူးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဒီဇာတ်လမ်းလေးက အားလုံးအတွက် အံ့သြ ထူးဆန်းဖွယ်ကောင်းပြီး တကယ်လည်း မဖြစ်သင့် မဖြစ်ထိုက်တာကို နောင်ဆင်ခြင် လို့ရမယ့် ပညာပေးဇာတ်လမ်း အဖြစ် ရောက်ရှိ သွားမှာဖြစ်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ပြောပါတယ်။
”ချစ်သူချင်း ရန်ဖြစ်တာနဲ့ပဲ ဒီလောက် အထိဖြစ်သွားတယ်။ တကယ်တော့ ပြန်စဉ်းစားကြည့်ရင် ဒေါသအလျောက်ပေါ့။ တစ်ချိန်ချိန်မှာတော့ အဲဒီလူက နောင်တရနေ လိမ့်မယ် ထင်တယ် ။ ဒေါသဖြစ်တုန်း ခဏမှာမထိန်းချုပ် နိုင်လိုက်တဲ့ အနာတစ်ခုက ဒီ ကောင်မလေးရဲ့ ဘဝတစ်ခုလုံး၊ နောက် သူကိုယ်တိုင်ရဲ့ ဘဝ တစ်ခုလုံး အနာ ဂတ်တွေ အများကြီး ထိခိုက်သွား တယ်။ ဘေးက မဆိုင်တဲ့လူ တွေရဲ့ အနာဂတ်တွေပါ ပါကုန်တယ်။ ဒါတွေကို ပတ်ဝန်းကျင်ကလည်း လက်ပိုက် ကြည့်နေမှာ မဟုတ် သလို၊ ဥပဒေကလည်း လက်ပိုက်ကြည့်နေမှာ မဟုတ် ဘူး။ ဘာကြောင့်လဲ ဆိုတော့ မင်းမဲ့ တိုင်းပြည်လို ဖြစ်နေလို့ မရဘူးလေ။ အဲဒီလိုဖြစ်နေရင် တရားဥပဒေ စိုးမိုးရေး ရှိတယ်လေ။ ဥပဒေရဲ့အထက် ဘာမှမရှိဘူး” လို့ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဆုံးရှုံး ထိခိုက်မှု တွေနဲ့ ပတ်သက်ပြီး လူငယ်တွေ အတုယူ နိုင်ဖို့ အတွက် ဒါရိုက် တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ကပြောပါတယ်။ မကြာခင်ကလည်း ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ပြင်ဦးလွင်မှာ ‘မိုင်တိုင်၂၆ ဆိုင်ကယ်ပေါ် မှာလိုက် လာတယ်’ ဆိုပြီး ဖြစ်ရပ်မှန် ဇာတ်လမ်း ရိုက်ကူးခဲ့ပြီးပြီ ဖြစ်ပါတယ်။ အခုလက်ရှိ မှာလည်း ဆင်ဆာ လွတ်လပ်ခွင့်တွေလည်း ရသင့်သလောက် ရနေပြီ ဆိုတဲ့ အသံတွေကို ကြားနေရတဲ့အတွက် အရင်တုန်းက ဆင်ဆာဘောင်ထဲကနေ ရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတွေကို အခုအချိန်မှာ ပြန်ကြည့်ရင် ကျေနပ်အားရမှု ရှိရဲ့လား ဆိုတဲ့ အမေးကိုတော့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်း ဖြစ်) က”ဖြစ်ရပ်မှန် ဇာတ်ကားတွေ ရိုက်ပြတဲ့အခါ အားရရဲ့လား ဆိုတဲ့ အမေးကဖြေဖို့ အတွက် စောလွန်း ပါသေး တယ်။ အခုလည်း တကယ့် ဖြစ်ရပ်မှန်ကို ဘယ်လောက်အထိ ခွင့်ပြုမယ် ဆိုတဲ့ အပေါ်မူတည်နေပါသေးတယ်။ အရင် ဆင်ဆာမရခဲ့တဲ့ ဇာတ်ကားတွေ ကိုပဲ ဘယ်လောက် အထိ ခွင့်ပြုသလဲ ဆိုတာပြန်ပြီး စမ်းသပ်ရဦးမှာပါ။ အရင်က ဆင်ဆာထိထား တဲ့ ‘သူငယ်ချင်းတစ္ဆေ’ ဆိုတဲ့ဇာတ်ကားတစ် ကားတော့ ထွက်လို့ရပြီ။ နည်းနည်းပါးပါး တော့ဖြတ်လိုက်ရတယ်။ ဒါပေမဲ့ သိပ်ပြီး ထိထိ ခိုက်ခိုက် အခြေအနေမရှိသေးဘူး။ နောက် ကားတွေတော့ ကြည့်ရဦးမယ်။ ၈ကား၊၉ကား လောက်ကျန်သေးတယ်။ ပြဇာတ်တွေလည်း ပါတယ်” လို့ဆိုလာပါတယ်။
No comments:
Post a Comment