လူသတ်မှုဖေါ်ထုတ်ပေးရန် စစ်တွေ ရဲစခန်းကို လူထောင်ချီ တောင်းဆို
စစ်တွေမြို့အနီး နာဇီရွာတွင် ရခိုင်အမျိုးသားတဦး အသတ်ခံရသည့် သတင်းထွက်ပေါ်သော်လည်း အသတ်ခံရသူ၏ အလောင်းကို ရှာမတွေ့သဖြင့် စစ်တွေ အမှတ် (၁) ရဲစခန်းတွင် ထောင်နှင့်ချီသည့်စစ်တွေမြို့ခံ များက ၀ိုင်းဝန်းတောင်းဆိုလျှက်ရှိသည်ဟု တောင်းဆိုသူ တဦးက ပြောသည်။ နာဇီကျေးရွာမှာ အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့်ရွာအဖြစ် သိရှိထားကြသည့်ကျေးရွာလည်းဖြစ်သည်။ ယင်းလူသတ်မှုကို အရေးယူပေးရန် အမှတ် (၁) ရဲစခန်းအား ညနေ ၅နာရီဝန်းကျင်ကတည်း ၀ိုင်းဝန်းတောင်းဆိုလျှက်ရှိကြရာ ယနေ့ည ၉နာရီကျော်ထိ လူစုမကွဲသေးကြောင်းလည်း တောင်းဆိုသူက ဆိုသည်။
ယခုရက်ပိုင်းအတွင်း ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအနီး သပြေချောင်းကျေးရွာမှ မိန်းကလေးငယ်တဦး အဓမ္မပြုကျင့် အသတ်ခံရသည့် အဖြစ်အပျက်ကြောင့် ကျူးလွန်သူများကို သေဒဏ်ပေးရန် တောင်းဆိုမှုများလည်း ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျှက်ရှိစဉ် ယခုဖြစ်ရပ် ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ။
No comments:
Post a Comment