Friday, 8 June 2012

အမျိုးသမီးတစ်ဦးအား မတရားပြုကျင့်မှု



ဒလ မြို့နယ်နေ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် မေလ ၂၄ရက် နေ့ ည၈နာရီ အချိန် ခန့်တွင် ရန်ကုန် ဘက်ကမ်းမှ အဝတ် လျော်ပြီး နေအိမ်သို့ ပြန်လာစဉ် စက်မြေ ရပ်ကွက်တွင် လွန်ခဲ့သော ၃နှစ် ခန့်က ရင်းနှီးခဲ့သည့် ဟန်ထွေး(၃၂) နှစ်၏ နေအိမ်ရှေ့အရောက် ပြော စရာရှိကြောင်း ပြော၍ ခေါ်သဖြင့် ၄င်းနေအိမ်သို့ လိုက်ပါသွားစဉ် မီးဖို ချောင်အရောက် ချွန်ထက်သောအရာ ဖြင့် ဝမ်းဗိုက်ကို ထောက်၍ ခြိမ်းခြောက် ပြောဆိုကာ သားမယားအဖြစ် ၃ကြိမ် ပြုကျင့် ခဲ့ကြောင်း ၄င်းနောက် ဖေးသို့ ခေတ္တထွက်သွားစဉ် ထွက် ပြေးခဲ့ကြောင်း မေလ ၂၆ရက်နေ့ ည(၁၂း၄၅)အချိန်ခန့်တွင် သက် ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ ဒလရဲစခန်းက (ပ)၃၁၂/၁၂ ပြစ်မှုပုဒ်မ ၃၇၆အရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

No comments:

Post a Comment