




တိုင်းပြည်၏ညီညွတ်မှူပျက်ပြားသည့်အချိန်၊ နိင်ငံရေးမငြိမ်မသက်ဖြစ်နေချိန်တွင် အခွင့်အရေးသမားအချောင်သမားများအမြတ်ထုတ်ခဲ့ကြသည်။ ထို့အပြင်မြန်မာပြည်၌ လူဝင်မူကြီးကြပ်ရေးဌာန (လဝက) များ၏ အကျင့်ပျက်ချစားမှူများပေါ်ထွန်းကာ ကိုယ်ကျိုးစီးပွါးအတွက်အမြတ်ထုတ်ခဲ့ကြသည်။
ဤကဲ့သို့သောအခြေအနေကြောင့် အထူးသဖြင့်မြန်မာပြည်၏ အနောက်ဖက် ရခိုင်ပြည်နယ်မြောက်ဖက် ဘင်္ဂလားဒေရှ့်နှင့်နယ်ချင်းဆက်လျက်ရှိသောဒေသတွင် တဖက်နိုင်ငံမှဘင်္ဂါလီလူမျိုးများသည် မြန်မာပြည်ထဲသို့ တရားမဝင် ဝင်ရောက် ကျူးကျော်နေထိုင်လာနေသည်။ ထိုမျှမကသေး ရခိုင်ပြည်မြောက်ပိုင်းစွန်းဒေသကိုပင် ၎င်းတို့ပိုင်ဒေသဟု တရားမဝင်လိမ်လည်ပြောဆိုကာ ကမ္ဘာတဝှမ်းလုံးအား လှည့်စားရန် ဘင်္ဂါလီမှ အမည်ပြောင်း၍ လူမျိုးတုတစ်မျိုးကိုဖန်တီးကာ မြန်မာ့သမိုင်းအားလိမ်လည်ပြောဆိုပြီး အမြတ်ထုတ်အခွင့်အရေးယူလျက်ရှိပါသည်။ မြန်မာပြည်တိုင်းရင်းသားမဟုတ်ပဲ ဟုတ်သယောင် ပြောဆို၍ အမြတ်ထုတ်နေခြင်း၊သမိုင်းလိမ်လည်ပြောဆိုနေခြင်းများကို ဆန့်ကျင်ကန့်ကွက်ရမည်မှာ ကျွန်ုပ်တိုမြန်မာတိုင်းရင်းသားအားလုံးတာဝန်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ဆန္ဒကို ကမ္ဘာသိစေရန် ယူကေရောက်မြန်မာနိုင်ငံသားအစစ်အမှန်များက ဆန္ဒပြဆန့်ကျင်ပြောဆိုပွဲကို ဗြိတိန်နိုင်ငံဝန်ကြီးချုပ်နေထိုင်ရာအမှတ် (၁၀)၊ ဒေါင်းနင်းလမ်း၌ဇွန်လ(၁) ရက်နေ့ ၂၀၁၂ ခုနှစ်၊ နေ့လည်(၁၃:၀၀ - ၁၄:၀၀)အထိပြုလုပ်ရာ ယနေ့ပွဲ တက်ရောက်လာသူ ယူကေရောက်မြန်မာနိုင်ငံသားများအားလုံးမှ စည်လုံးညီညွတ်စွာဖြင့် စိတ်အားတက်ဖွယ် ကြွေးသံများဟစ်ကြွေးကာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
No comments:
Post a Comment