Tuesday, 28 August 2012

» မိုဘိုင်းဖုန်းလိုင်းတွေကို အလကားပေးမယ်လို့ အကြံပြုခဲ့သူ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်လာ


KMD Group ရဲ့ အမှုဆောင် အရာရှိချုပ် ဦးသောင်းတင်ကို နိုင်ငံတော် သမ္မတရုံးမှ အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီဝင် ကနေ ဒုဝန်ကြီး (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန) အဖြစ် ခန့်အပ်လိုက်ပါတယ်။

အရပ်ဖက် ပညာရှင် တစ်ဦးအနေဖြင့် အစိုးရ အဖွဲ့အစည်း (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန) အတွင်းသို့ ပထမဦးဆုံး ရောက်ရှိ လာခဲ့သူပါ။

ဦးသောင်းတင်ဟာ ၁၉၉၀ ပြည်နှစ် လောက်ကတည်းက မြန်မာနိုင်ငံရဲ့ ကွန်ပျူတာလောကကို ဦးဆောင် လမ်းပြအဖြစ် လုပ်ကိုင်လာခဲ့ သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးမီက အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ မိုဘိုင်းဖုန်းလိုင်းတွေကို အလကားပေးမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနကို အကြံအဥာဏ် ပြုခဲ့သူလည်းဖြစ်ကြောင်း Internet Journal - Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

(ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန) ဒုဝန်ကြီး ခန့် အပ်ခံရသူ ဦးသောင်တင် (ဓါတ်ပုံ - Internet Journal )

No comments:

Post a Comment