Thursday, 9 August 2012

» ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ပါဂျဲရိုးယာဉ်တစ်စီး တိမ်းမှောက်


၂ဝ၁၂ သြဂုတ်လ ၆ ရက်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုင်တိုင် ၃၁၁ / ၄ Meikhtila အနီး အမှတ်မထင် ရုတ်တရက် အရှိန်မထိန်းနိုင်ပဲ လမ်းဘေးထိုးကျသွားကာ၊ မိုင်တိုင် ၃
၁၁ ကို ဝင်တိုက်ပြီး ၃ ပတ်လောက်ဂျွမ်းပြန် အောက်သို့ ကျသွားခြင်းဖြစ်ကြောင်း မျက်မြင် တွေ့ဆုံခဲ့သူ တစ်ဦးက သတင်းပေးပို့သည်။ ယင်းဖြစ်ရပ်အား အဆိုပါ မျက်မြင်တွေ့ဆုံသူက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ သို့ ဖုန်းဆက်ကာ Meikhtila ခရိုင်ရဲတပ်ဖွဲ့ သို့ အကြောင်းကြားနိုင်ခဲ့သဖြင့် မိနစ် ၂၀ ခန့်အကြာတွင် ရဲကားတစ်စီးနှင့် လူနာတင်ယာဉ် ရောက် ရှိလာပြီး လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်သွားကြကြောင်း ယင်းကပြောသည်။ "အမြန်လမ်းပေါ် သတ်မှတ် မိုင် ၆ဝ ထက် ပိုမမောင်းရန် သတိပေး တားမြစ်နေပေမယ့် ကားတွေ တစ်နာရီ မိုင် ရဝ - ၈ဝ အထက်မှာမောင်းနေကြတုန်းပါပဲ။ ခါးပတ်ပတ်တဲ့ အကျင့်လည်းမရှိကြပါ။ ကျနော့်ရှေ့ တွင်ဖြစ်တာမို့ တော်တော်တုန်လှုပ်ပါတယ်။ ကား ၃ စီးကိုတားတော့ ရပ်ပေးလို့  သူတို့ အကူအညီ၊ ဘေးမှာ ယာလုပ်နေတဲ့ ရွာသား ၄-၅ ဦး၊ ပေါင်း ဂ ဦးလောက်နဲ့  ကားထဲညပ်နေတဲ့ လူတစ်ယောက် ကိုတော့ ကယ်ထုတ်နိုင်ခဲ့ ပါတယ်။ အားလုံး သတိနဲ့ မောင်းကြဖို့ ရည်ရွယ်ပြီး ဓါတ်ပုံတွေရိုက်ပြီး ပို့ပေးတာ ဖြစ်ပါတယ် " ဟု အဆိုပါ မျက်မြင်တွေ့ရှိလာသူက ပြောသည်။
Yangon Media Group



No comments:

Post a Comment