Saturday, 20 April 2013

ဘော့စတွန်မြို့၊ မာရသွန်ပြိုင်ပွဲတွင် ဗုံးခွဲသူ Tamerlan Tsarnaev သည်


 
ဧပြီလ ၁၉ရက်နေ့၊ ၂၀၁၃ခုနှစ်

ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်...သူတွေအဖြစ် သံသရရှိသူတွေရဲ့ အဒေါ် မီဒီယာတွေနဲ့တွေ့ဆုံ

အဒေါ်ဖြစ်သူက သူ့တူတွေဒီလိုအကြမ်းဖက်မှုမှာပါဝင်နေတာကို အလွန်အံ့ဩမိတယ် ဆိုပြီး ဒေါသထွက်ရကြောင်း မီဒီယာတွေ နဲ့တွေ့ဆုံပွဲမှာပြောပါတယ်။ သူ့တူနှစ်ဦးစလုံးရယ် သူ့မောင်ရယ်ကို ဒုက္ခသည်အဖြစ်နဲ့ အမေရိကန်နိုင်ငံထဲကို သူခေါ်သွင်းလာတယ် လို့ပြောသွားပါတယ်။

တူအကြီးဖြစ်သူ အသက် ၂၆နှစ်ရှိ Tamerlan Tsarnaev ဟာ မူဆလင်ဘာသာရေးကို လွန်ခဲ့တဲ့ (၂) နှစ်ကကမှ အပြင်းအထန်ကိုင်း ရှိုင်းလာပြီး တစ်နေ့ငါးကြိမ် ဝတ်ပြုတယ်ဆိုပါတယ်။ အသက် (၁၉) နှစ်ရှိ တူအငယ် Dzhokhar Tsarnaev ကတော့ စာကြိုးစားကြောင်း ပြောပါတယ်။

သူ့မောင်ဟာ အလုပ်ကြိုးစားကြောင်းပြောပါတယ်။ ချေချင်ညာ က ရုရှားက မခွဲထွက်နိုင်သေးဘဲ ရုရှားနိုင်ငံထဲမှာပဲ အခုထက်ထိ ရှိနေဆဲမို့ ဗုန်းဖောက်သူတွေဟာ ရုရှားနိုင်ငံသား ချေချင်တိုင်းရင်းသားတွေ လို့ခေါ်ရမှာဖြစ်ပါတယ်။

သူ့မောင်နဲ့ဇနီးတွေဟာ ချေချင်ကို ပြန်လိုက်သွားလိုက်နေကြတယ်လို့ပြောသွားပါတယ်။

ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်မှုမှာ သူ့တူတွေဖြစ်နေရတာ သူ မယုံမိပါဘူး ဟုတ်ပါ့မလားလို့သံသ ယတောင်ဖြစ်မိတယ်လို့မီဒီယာတွေကိုပြောသွားပါတယ်။

သူ့တူတွေ ဒီလို မလုပ်သင့်ဘူးလို့ အဒေါ်ဖြစ်သူကမီဒီယာတွေ ကိုပြောသွားပါတယ်။ သူ့တူအသက် ၂၆နှစ်ရှိ Tamerlan Tsarnaev ဟာ အမေရိကန်နိုင်ငံသားမဟုတ်သေးဘူး။

သူ့တူအငယ်ကောင် Dzhokhar Tsarnaev ကတော့ ပြီးခဲ့တဲ့နှစ် ၂၀၁၂ စက်တင်ဘာလ ၁၁ရက်က (၉/၁၁) ကမှ အမေရိကန်နိုင်ငံသားဖြစ် သွားခဲ့တယ် လို့ မီဒီယာတွေကိုပြောသွားပါတယ်။
 

No comments:

Post a Comment