မောင်အလင်္ကာပေးပို့တဲ့......ပဲခူးတိုင်းဒေသကြီး...ငှက်သစ်ကျေးရွှာ..လက်ပံတန်းကခုဖြစ်ပျက်နေတဲ့အဖြစ်ပျက်လေးပါ
ကျေးဇူးပြုပေးပါ ခင်ဗျား ပေးသူရှိလို့ ယူသူရှိသည် ယူသူရှိလို့ ပေးသူရှိကြသည်ဆိုသော်လည်း။မပေးတော့လဲလုပ်မပေးတော့ ပေးနေရပါသည်။ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့က လဝကရုံးကဦးစီးမှူးတွေနဲ့ ရုံးဝန်ထမ်းတစ်ချို့ဟာ မှတ်ပုံတင်ရိုက်သူများထံမှ အမြန်ကြေး အနှေးကြေး ခွဲခြားတောင်းခံနေပါတယ် ။အမြန်ကြေး ၁၀၀၀၀ကျပ်ပေးနိုင်ရင် ချက်ချင်းမှတ်ပုံတင်ကဒ်ထုပ်ပေးပါတယ် ။မပေးနိုင်သူများအား ရက်၂၀ သို့ တစ်လခွာချိန်းပါတယ် ၅၀၀၀ ခန့်ပေးနိုင်သူများကို ၁၀ ရက်ခန့်ချိန်းလိုက်ပါတယ် ပေးနိုင်သူများအားတစ်မျိုးဆက်ဆံပြီး မပေးနိုင်သူများအား မျက်နှာကြောတင်းတင်းနဲ့ အလုပ်များနေလို့လုပ်မပေးနိုင်သေးဘူး စသည်ဖြင့် ဟိုနေ့ဒီနေ့ ထပ်ခါထပ်ခါ ရက်ချိန်းပေးပြီးပြန်လွှတ်ပါတယ်ကျွန်တော်တို့တောသူတောင်သားများဟာ နေ့စဉ်လဲ အလုပ်မရှိ၍ဝင်ငွေမရှိကြပါဘူး သူတိ့ချိန်းတိုင်းလာရတာ မြို့ကိုတက်ဖို့ ဆိုင်ကယ်ကယ်ရီခ အသွားအပြန်၄၀၀၀လောက်ကုန်ပါတယ် အခေါက်ရေများတော့ ငွေလဲကုန်စရာမရှိတော့ပါဘူး။ကြာတော့ မှတ်ပုံတင်တောင်မလိုချင်တော့ပါဘူးဗျာ မှတ်ပုံတင်မရှိရင် အလုပ်မရမှာဆိုးလို့သာ ချိန်းတိုင်းသွားနေရတယ် ကြာတော့မှတ်ပုံတင်ရုံးက ဦးစီးမှူးဦးတင်ထွန်းတို့ ဦးစိုးမြင့်အောင်တို့နဲ့ တစ်ရုံးလုံးကလူတွေကိုကြောက်နေရတယ်ဗျ ဒီနေ့လဲထပ်ချိန်းလိုက်ပြန်ပြီဗျာ ကျွန်တော်တို့လို့ တောသူတောင်သားပြည်သူတွေကို ပြည့်သူ့ဝန်ထမ်းတွေက ထပ်ပြီးဒုက္ခမပေးဘို့ရာ သမ္မတကြီးသိအောင်ပြောပေးပါဗျာ။ကျေးဇူးတင်ပါသည်ွူ
No comments:
Post a Comment