ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်လက်ပံတန်းမြို့နယ်မှော်အင်းကျေးရွာအုပ်စုမှော်အင်းဘုန်းတော်ကြီးကျောင်းတွင်သီတငမးသုံးနေသောဦးစန္ဒာသီရိနှင့်အပေါင်းအပါသံဃာများအားနိုင်ငံတော်သံဃမဟာနာယကမှချမှတ်အမိန့်နှင့်စပ်လျင်း၍ဦးစန္ဒာသီရိဘက်အယူခံလွှာတင်းထားပါသည်ထိုသို့အယူခံလွှာတင်ထားပါလျက်ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း(ပြည်)မြို့တိုင်းသာသနာရေးဒုဦးစီးမှုးဦးဝင်းဗိုလ်မှအမိန့်မနာခံဘူးဟုဆိုကာဥပဒေပုဒ်မ၂၀/၉၀ဖြင့်မင်းလှမြို့နယ်တရားရုံးတွင်တရားစွဲဆိုထားပါသည်ဦးစန္ဒာသီရိနှင့်အပေါင်းအပါသံဃာတွေကအမိန့်ကိုမနာခံတာမဟုတ်ပါဘူးမှာယွင်းနေသည့်အတွက်ကြောင့်(၄၇)ပါးစုံညီနှင့်ဝိနိစ္ဆယလမ်းကြောင်းအတိုင်းအမှု့အမှန်ပေါ်ပေါက်သည်အထိဆောင်ရွက်ပေးရန်အယူခံလွှာကိုမဟနရုံးသို့တင်းတာပါဒါကိုပဲဦးဝငိးဗိုလ်အနေနဲ့တရားစွဲမယ်သူ့ကိုအထက်ကညွန်ကြားလို့လုပ်ရတာဆိုတော့သူ့ကိုအထက်ကဘယ်သူကခိုင်းလဲမဟနဆရာတော်ကြီးတွေအနေနဲ့ဦးစန္ဒာသီရိနှင့်အပေါင်းအပါသံဃာတွေကိုပုဒ်မ၂၀/၉၀နဲ့အရေးယူခိုင်းထားတဲ့အမိန့်ရောရှိလားဒါမှမဟုတ်နောက်ဆုံးအဆင့်ဖြစ်တဲ့ဝိနိစ္ဆယဆုံးဖျက်ချက်ရောရှိလားသာသနာရေးဝန်ကြီးရဲ့ညွန်ကြားချက်ရောပါလား...,?ဒါတွေမပါပဲနဲ့လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့လုပ်တာဟာပြဿနာဖြစ်အောင်စခဲ့တဲဦးစန္ဒာသီရိနှင့်အပေါင်းအပါသံဃာတွေကိုအတိုက်အခံပြုလုပ်ကြတဲ့လူတစ်စုဘက်မှရပ်ကာဦးဝင်းဗိုလ်အနေလုပ်နေတယ်ဆိုတာထင်ရှားပါတယ်အခုလိုတရားဆွဲတော့ဦးစန္ဒာသီရိကိုကိုးကွယ်ကြတဲ့ဒါယာကာဒါယိကာမအများစုတို့မခံမရပ်နိုင်တွေဖြစ်နေကြပါတယ်ဒီအတိုင်းသာဆိုရင်အဓိကရုဏ်းအမှု့တွေဖြစ်ဖို့များနေပါပြီဦးဝင်းဗိုလ်အနေနဲ့ဝိနည်းဓမ္မကံလမ်းကြောင်းမပြီးဆုံးသေးတဲ့အမှု့ကိုအခုလိုတရားစွဲဆိုမှု့ပြုတာမဖြစ်သင့်ပါဘူးကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုရင်ဦးစန္ဒာသီရိဘက်ကအယူခံလွှာကိုမဟနရုံးကိုတင်ထားတယ်ရုံးကလည်းလက်ခံထားတယ်တစ်ဖက်ကလည်းဒုဦးစီးမှုးဦးဝင်းဗိုလ်ကလည်းတရားစွဲနေတယ်ဆိုတော့ဦးစန္ဒာသီရိကအယူခံတင်ထားတာစစ်ဖို့ကိုပဲစောင့်ရမှာလားတရားစွဲတာကိုပဲလက်ခံရမှာလားဆိုတာကိုတော့စဉ်းစားသာကြည့်ပါတော့တစ်ကယ်တော့ဦးစန္ဒာသီရိနှင့်အပေါင်းအပါသံဃာတွေမှာအပြစ်မရှိပါဘူ့းသာသနာရေးဦးစီးမှုးတွေရဲ့မှားယွင်းစွာဆောင်ရွက်နေမှု့တို့ကြောင့်သာလျင်မလိုလားအပ်သောပြဿနာတွေဖြစ်နေကြရတာဆိုကိုသမ္မကြီးသိအောင်ပြောပြချင်ပါတယ် |
No comments:
Post a Comment