ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်လက်ပံတန်းမြို့နယ်မှော်အင်းရွာတွင်သီတင်းသုံးနေသောသံဃာများအားလောကီလောကုတ္တအပြစ်တစ်စုံတစ်တရာမရှိပါဘဲမှော်အင်းကျောင်းမှဖယ်ရှားရန်အတွက်အတိုက်အခံပြုလုပ်ကြသောလူတစ်စုတို့သည်မှော်အင်းကျောင်းတွင်သီတင်းသုံးနေသောသံဃာများ၏ဂုဏ်သိက္ခာကိုထိပါးစေခြင်း|သာသနာတော်ကိုညိုးနွမ်းစေခြင်း|သံဃာတော်များအရှက်ရစေခြင်းငှာဆိုင်းဘုတ်များကိုအမျိုးမျိုးအဖုံဖုံပြုလုပပ်၍ရွာလယ်လမ်းဘေးတို့တွင်ချိတ်ဆွဲထားပါသည်ထိုဆိုင်းဘုတ်များကိုသွားရောက်ကြည့်ရှုခဲ့သည့်သံဃာများဖြစ်သောဦးဇနကနှင့်ဦးကေလာသတို့ကိုလည်းမှော်အင်းရွာတွင်နေထိုင်သောဦးမြင့်ရွှေမှညစ်ညမ်းစွာဆဲဆို၍ငြိမ်တည်ရွာတွင်နေထိုင်သောဦးတင်စိန်မှတုတ်ဖြင့်ရိုက်ရန်ပြေးဝင်လာပါသည်၎င်းကိစ္စနှင့်ပက်သက်ပြီးဦးဇနကနှင့်ဦးကေလာသတို့မှလက်ပံတန်းမြို့တရားရုံးသို့တိုင်းကြားခဲ့ပါသည်ထိုလက်ပံတန်းရုံးမှတစ်ဆင့်သာယာဝတီမြို့နယ်တရားရုံးသို့လွှဲပေးလိုက်ပါသည်သာယာဝတီရုံးမှတရားလိုပြသက်သေများစစ်ဆေးပြီး၍ှဦးမြင့်ရွှေနှင့်ဦးတင်စိန်အားပုဒ်မ၂၉၅(က)ဆိုင်းဘုတ်ချိတ်ဆွဲသောဦးတင်အောင်ဦးမြင့်ရွှေဦးတင်စိန်နှင့်အဖွဲ့အားပုဒ်မ၅၀၄ဖြင့်အတည်ပြုခဲ့ရာ၎င်းတရားခံများဘက်မှခရိုင်ရုံးသို့အယူခံတက်ခဲ့ရာခရိုင်မှပယ်ချခဲ့ပါသည်ဆက်လက်၍တိုင်းရုံးသို့အယူခံတက်နေပါသည်ဤကဲ့သို့ပြုမူဆောင်ရွက်နေခြင်းသည်အချိန်ကြာအောင်ပြုမူနေခြင်းသာဖြစ်ပါတယ်ဒီအမှု့က၁နှစ်တောင်ပြည့်တော့မယ်အခုချိန်ထိမပြီးသေးဘူဗျာကျွန်တော်တို့ကိုးကွယ်နေတဲ့သံဃာတွေကစာပေလည်းတက်တယ်ဝိနည်းနဲ့အညီလည်းနေထိုင်တယ်လူတွေအကြည်ညိုပျက်မယ့်အလုပ်မျိုးလည်းမလုပ်ဘူးဒီလိုသံဃာတွေကိုစော်ကားတာမခံနှိုင်လို့တိုင်ရတာဒီရုံးကနေဟိုရုံးလွှဲနဲ့ရုံးချိန်းသွားတော့လည်းအယူခံတက်နေတာနဲ့မပြီးတော့ဘူးပြစ်မှုဆိုင်ရာထင်ရှားပြန်တော့လည်းအယူခံတက်ပြန်ပြီသံဃာတော်တွေကပရိယတ်စာမေးပွဲတွေဖြေဖို့လည်းရှိသေးတယ်ဒါကြောင့်ရုံးချိန်းကိုမှန်မှန်လာပါတယ်ဒါပေမယ့်အခုလိုအယူခံတွေခဏခဏတက်ပြီးအချိန်ဆွဲနေတာအမှန်ကိုအမှားဖြစ်အောင်လုပ်ချင်နေကြတာလား....?အမှန်ကိုအမှန်တိုင်းပဲဖြစ်စေခြင်ပါတယ်ဆိုတာကိုသမ္မကြီးသိအောင်ပြောပြချင်ပါတယ် 9:03 PM |
No comments:
Post a Comment