Wednesday, 16 May 2012

ကျပ်နှစ်သိန်းတန် GSM ဖုန်းနှင့် နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို အရစ်ကျစနစ်ဖြင့် အာမခံ မလိုဘဲ ရောင်းချပေးနေပြီ

နှစ်သိန်းတန် GSM ဖုန်းနှင့် နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို အာမခံထားရှိရန် မလိုဘဲ လူတစ်ဦးလျှင် ဖုန်းတစ်ကတ်နှုန်းစီ အရစ်ကျ ငွေသွင်းစနစ်ဖြင့်  ထူးကုမ္ပဏီ၏ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် (AGD) ၌ ဝယ်ယူနိုင်ကြောင်း ၁၂-၅-၂၀၁၂ ရက်ထုတ် မြဝတီ သတင်းစာ၌ ဖော်ပြပါရှိသည်။ ယင်းသို့ ဝယ်ယူရာတွင် နှစ်သိန်းတန် GSM ဖုန်းများအတွက် ခြောက်လအရစ်ကျ စနစ်ဖြစ်ပါက ကနဦးငွေ ကျပ် ၄၉၀၀၀၊ ကျန်လများ၌ တစ်လလျှင် ကျပ် ၂၇၀၀၀ ဖြင့် ငါးလနှင့် ကျပ်နှစ်သောင်းငါးထောင်ဖြင့် တစ်လပေးသွင်းရမည်ဖြစ်၍ စုစုပေါင်း ကျပ် ၂၀၉၀၀၀ ကျသင့်မည် ဖြစ်သည်။ အကယ်၍ တစ်နှစ်အရစ်ကျ စနစ်ဖြင့်ဆိုလျှင် ကနဦး ပေးသွင်းငွေ ကျပ် ၅၆၀၀၀၊ ကျန်လများ၌ တစ်လလျှင် ၁၃၅၀၀ ကျပ်ဖြင့် ၁၁ လနှင့် နောက်ဆုံးလ၌ ကျပ် ၁၁၅၀၀ ပေးသွင်းရမည်ဖြစ်၍ စုစုပေါင်းကျပ် ၂၁၆၀၀၀ ကျသင့်မည် ဖြစ်သည်။


ထိုနည်းတူ ကျပ် ၂၅၀၀၀၀ တန် WDCMA ဖုန်းများကို ခြောက်လ အရစ်ကျ စနစ်ဖြင့်ဆိုလျှင် ကနဦးပေးသွင်းငွေ ကျပ် ၆၁၅၀၀၊ ကျန်လများ၌ တစ်လလျှင် ၃၃၅၀၀ ကျပ်ဖြင့် ငါးလနှင့် နောက်ဆုံးလ၌ ကျပ် ၃၂၅၀၀ ပေးသွင်းရမည်ဖြစ်၍ စုစုပေါင်း ကျပ် ၂၆၁၅၀၀ ကျသင့်မည်ဖြစ်သည်။ တစ်နှစ် အရစ်ကျစနစ်ဖြင့် ဝယ်မည်ဆိုလျှင် လက်ငင်းပေးသွင်းငွေ ကျပ် ၇၀၀၀၀၊ ကျန်လများ၌ ကျပ် ၁၇၀၀၀ ဖြင့် ၁၁ လနှင့် နောက်ဆုံးလ၌ ကျပ် ၁၃၀၀၀ ပေးသွင်းရမည်ဖြစ်၍ စုစုပေါင်း ကျပ် ၂၇၀၀၀၀ ကျသင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခင်က အရစ်ကျစနစ်ဖြင့် ရောင်းချကြရာတွင် ဘဏ်စာရင်းရှိသူက အာမခံပေးမှသာ ဝယ်ယူနိုင်ခဲ့သော်လည်း ယခုအခါ အာမခံမလိုဘဲ ဝယ်ယူနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုသူများ အနေဖြင့် အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် လီမိတက်သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment