Thursday, 5 September 2013

အမှန်ကို အမှန်တိုင်းဖြစ်စေချင်


ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်လက်ပံတန်းမြို့နယ်မှော်အင်းရွာတွင်သီတင်းသုံးနေသောသံဃာများအားလောကီလောကုတ္တအပြစ်တစ်စုံတစ်တရာမရှိပါဘဲမှော်အင်းကျောင်းမှဖယ်ရှားရန်အတွက်အတိုက်အခံပြုလုပ်ကြသောလူတစ်စုတို့သည်မှော်အင်းကျောင်းတွင်သီတင်းသုံးနေသောသံဃာများ၏ဂုဏ်သိက္ခာကိုထိပါးစေခြင်း|သာသနာတော်ကိုညိုးနွမ်းစေခြင်း|သံဃာတော်များအရှက်ရစေခြင်းငှာဆိုင်းဘုတ်များကိုအမျိုးမျိုးအဖုံဖုံပြုလုပပ်၍ရွာလယ်လမ်းဘေးတို့တွင်ချိတ်ဆွဲထားပါသည်ထိုဆိုင်းဘုတ်များကိုသွားရောက်ကြည့်ရှုခဲ့သည့်သံဃာများဖြစ်သောဦးဇနကနှင့်ဦးကေလာသတို့ကိုလည်းမှော်အင်းရွာတွင်နေထိုင်သောဦးမြင့်ရွှေမှညစ်ညမ်းစွာဆဲဆို၍ငြိမ်တည်ရွာတွင်နေထိုင်သောဦးတင်စိန်မှတုတ်ဖြင့်ရိုက်ရန်ပြေးဝင်လာပါသည်၎င်းကိစ္စနှင့်ပက်သက်ပြီးဦးဇနကနှင့်ဦးကေလာသတို့မှလက်ပံတန်းမြို့တရားရုံးသို့တိုင်းကြားခဲ့ပါသည်ထိုလက်ပံတန်းရုံးမှတစ်ဆင့်သာယာဝတီမြို့နယ်တရားရုံးသို့လွှဲပေးလိုက်ပါသည်သာယာဝတီရုံးမှတရားလိုပြသက်သေများစစ်ဆေးပြီး၍ှဦးမြင့်ရွှေနှင့်ဦးတင်စိန်အားပုဒ်မ၂၉၅(က)ဆိုင်းဘုတ်ချိတ်ဆွဲသောဦးတင်အောင်ဦးမြင့်ရွှေဦးတင်စိန်နှင့်အဖွဲ့အားပုဒ်မ၅၀၄ဖြင့်အတည်ပြုခဲ့ရာ၎င်းတရားခံများဘက်မှခရိုင်ရုံးသို့အယူခံတက်ခဲ့ရာခရိုင်မှပယ်ချခဲ့ပါသည်ဆက်လက်၍တိုင်းရုံးသို့အယူခံတက်နေပါသည်ဤကဲ့သို့ပြုမူဆောင်ရွက်နေခြင်းသည်အချိန်ကြာအောင်ပြုမူနေခြင်းသာဖြစ်ပါတယ်ဒီအမှု့က၁နှစ်တောင်ပြည့်တော့မယ်အခုချိန်ထိမပြီးသေးဘူဗျာကျွန်တော်တို့ကိုးကွယ်နေတဲ့သံဃာတွေကစာပေလည်းတက်တယ်ဝိနည်းနဲ့အညီလည်းနေထိုင်တယ်လူတွေအကြည်ညိုပျက်မယ့်အလုပ်မျိုးလည်းမလုပ်ဘူးဒီလိုသံဃာတွေကိုစော်ကားတာမခံနှိုင်လို့တိုင်ရတာဒီရုံးကနေဟိုရုံးလွှဲနဲ့ရုံးချိန်းသွားတော့လည်းအယူခံတက်နေတာနဲ့မပြီးတော့ဘူးပြစ်မှုဆိုင်ရာထင်ရှားပြန်တော့လည်းအယူခံတက်ပြန်ပြီသံဃာတော်တွေကပရိယတ်စာမေးပွဲတွေဖြေဖို့လည်းရှိသေးတယ်ဒါကြောင့်ရုံးချိန်းကိုမှန်မှန်လာပါတယ်ဒါပေမယ့်အခုလိုအယူခံတွေခဏခဏတက်ပြီးအချိန်ဆွဲနေတာအမှန်ကိုအမှားဖြစ်အောင်လုပ်ချင်နေကြတာလား....?အမှန်ကိုအမှန်တိုင်းပဲဖြစ်စေခြင်ပါတယ်ဆိုတာကိုသမ္မကြီးသိအောင်ပြောပြချင်ပါတယ်  9:03 PM
မောင်စိုင်း

Wednesday, 4 September 2013

စက်တင်ဘာ ၄ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု

စက်တင်ဘာ ၄ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု
===============================

စက်တင်ဘာ ၄၊ ၂၀၁၃

ယခုလအတွင်း ထပ်တွေ့မည့် မြန်မာအစိုးရနှင့် KIA

မြန်မာအစိုးရသည် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် ယခု စက်တင်ဘာလအတွင်းတွင် ထပ်မံ၍ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်နေကြောင်း ဧရာဝတီသင်းဌာနမှာ ဖော်ပြပါရှိပါတယ်။
................................................
ဆက်သွယ်ရေးကွန်ရက်များ မရောထွေးစေရန် ရန်ကုန်နှင့် နေပြည်တော်ရှိ ဖုန်းလိုင်းများလဲလှယ်မည်

ရန်ကုန်နှင့် နေပြည်တော်ရှိ မိုဘိုင်းဖုန်းလိုင်း ၃-သန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် Huawei ကုမ္ပဏီတို့ ပူးပေါင်း၍ လဲလှယ်တပ်ဆင်မည်ဖြစ်ပြီး အဆိုပါ လဲလှယ်ခြင်းကြောင့် ဒေသအတွင်းမတူညီသော ရေဒီယို ဆက်သွယ်ရေး ကွန်ရက်များ ရောထွေးမှု မရှိစေဘဲ ကောင်းမွန်လာမှာဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြားခဲ့ပါတယ်။
................................................
စာနယ်ဇင်းကောင်စီသို့ သမ္မတမှ ကျပ်သိန်း ၅၀၀ လှူဒါန်းမှုအပေါ် စာနယ်ဇင်းကောင်စီရဲ့ ရပ်တည်ချက်

သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို လှူဒါန်းခဲ့တဲ့ ငွေကျပ် သိန်း ၅၀၀ ဟာ အစိုးရရဲ့ အသုံးစရိတ်မှ လှူဒါန်းတာာဖြစ်လို့ လက်ခံရမှုအတွက် စာနယ်ဇင်းကောင်စီ၏ ရပ်တည်ချက်ကို ထိခိုက်မှာ မဟုတ်ပါဘူးလို့ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူးက ပြောဆိုလိုက်တယ်ဆိုတာ ကမာရွတ်မီဒီယာရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
................................................
ဆီးရီးယားအားစစ်ရေးအရအရေးယူရန် အနောက်နိုင်ငံများ၏ ပြင်ဆင်မှုအပေါ် ပူတင်သတိပေး

ဆီးရီးယားနိုင်ငံအား စစ်ရေးအရအရေးယူရန် အမေရိကန်နှင့်အနောက်နိုင်ငံများ၏ ပြင်ဆင်နေမှုအပေါ် ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးပြောကြားလိုက်သည်။ ဆီးရီးယားတပ်များ၏ ဓာတုလက်နက်များအသုံးပြုတိုက်ခိုက်မှုအပေါ်လက်တုံ့ပြန်ရန် အမေရိကန်သမ္မတ ဘာရက်အိုဘားမာက ဆီးရီးယားအား စစ်ရေးအရဒဏ်ခတ်အရေးယူသင့်သည်ဟု ပြောကြားခဲ့ခြင်းအား ဗလာဒီမာပူတင်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ ပူတင်က အကယ်၍ ဆီးရီးယားအစိုးရအနေဖြင့် ဓာတုလက်နက်များအသုံးပြုသည်ဟု သက်သေပြနိုင်ခဲ့ပါက ကုလသမ္မဂ္ဂ လုံခြုံရေးကောင်စီ၏ စစ်ရေးဖြင့်ဖြေရှင်းမှုကို ကန့်ကွက်မှာမဟုတ်ကြောင်း၊ ကုလသမ္မဂ္ဂ၏ တောက်ခံမှုမရရှိဘဲ တိုက်ခိုက်ပါက ကျူးကျော်တိုက်ခိုက်ခြင်းသာဖြစ်လိ့မ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
http://www.bbc.co.uk/news/world-europe-23955655
................................................
ဆီးရီးယားကိစ္စဆွေးနွေးရန် အီရန်သို့ ဂျပန်ဝန်ကြီးချုပ်၏ အထူးသံတမန်သွားရောက်မည်

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးမှ၏ အထူးသံတမန် မာဆာဟီကို ကိုမူရာမှာ ဆီးရီးယားနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပက်သက်၍ အီရန်သမ္မတ ဟာဆန်ရူဟာနီနှင့် ဆွေးနွေးရန် အီရန်သို့သွားရောက်မည်ဟုသိရသည်။ နှစ်ရက်တာကြာမြင့်မည့် အဆိုပါခရီးစဉ်တွင် ဂျပန်အာဏာရ လစ်ဘရယ်ဒီုမိုကရက်တစ်ပါတီ၏ ဒုတိယဥက္ကဌဖြစ်သူ ကိုမူရာမှာ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များအား ထည့်သွင်းဆွေးနွေးဖွယ်ရှိသည်ဟု ဂျပန်သတင်းဌာန တစ်ခုဖြစ်သည့် ကျိုဒို သတင်းဌာနမှ ပြောကြားခဲ့သည်။ ကိုမူရာမှာ သောကြာနေ့တွင် ဂျပန်နိုင်ငံမှ ထွက်ခွာမည်ဖြစ်ပြီး တနင်္လာနေ့တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
http://news.xinhuanet.com/english/world/2013-09/04/c_132691033.htm
.................................................
ဆီးရီးယားကိစ္စဆွေးနွေနေစဉ် ဂျွန်မက်ကိန်း ဖုန်းဖြင့် ပိုကာဂိမ်းကစားနေ

အမေရိကန်နိုင်ငံ၏ အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းမှာ အထက်လွှတ်တော်အတွင်း ဆီးရီးယားပဋိပက္ခနှင့် ပက်သက်၍ ဆွေးနွေးနေစဉ် ၎င်း၏ဖုန်းဖြင့် ပိုကာဂိမ်းကစားနေခဲ့သည်ဟု သိရသည်။ ဂျွန်မက်ကိန်းမှာ ဆီးရီးယားအားစစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ရန် တိုက်တွန်းနေသူတစ်ဦးဖြစ်ကာ ယမန်နေ့ကပြုလုပ်ပြီး ၃ နာရီကြာမြင့်သည့် အမေရိကန် အဆင့်မြင့် အရာရှိများအစည်းအဝေးတွင် ၎င်းဂိမ်းကစားနေသည့်ပုံအား သတင်းထောက်တစ်ဦးမှ အမိအရရိုက်ကူးနိုင်ခဲ့ပြီး အင်တာနက်ပေါ်တွင်လွှင့်တင်ခဲ့သောကြောင့် ဂျွန်မက်ကိန်းမှာ လူအများ၏ ဝေဖန်ပြစ်တင်မှုကို ခံနေရသည်။
http://www.channelnewsasia.com/news/lifestyle/poker-face-mccain-plays/801312.html
...................................................
ပြန်ပေးဆွဲမှုဖြင့် ဖမ်းဆီးထားသည့် အကျဉ်းသား တစ်ဦး ထောင်အတွင်းတွင် ဆွဲကြိုးချ အနေအထားဖြင့်သေဆုံးနေ

အမျိုးသမီးသုံးယောက်အား ၁၀ စုနှစ်တစ်ခုနီးပါးကြာ ဖမ်းဆီးချုပ်နှောင်ပြီး အကြိမ်ကြိမ် အဓ္ဓမပြုကျင့်မှုဖြင့် တစ်သက်တကျွန်းနှင့် ထောင်ဒဏ် နှစ်တစ်ထောင် ကျခံနေရသူ အမေရိကန်နိုင်ငံသား အေရီယဲလ် ကက်စရိုမှာ ထောင်အတွင်း ဆွဲကြိုးချအနေအထားဖြင့် တွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများကဆိုသည်။ ကက်စရိုအား အကျဉ်းခန်းအတွင်း ဆွဲကြိုးချအနေအထားဖြင့် တွေ့ရှိခဲ့ပြီး ထောင်တွင်းဆရာဝန်က ကြိးစားကုသခဲ့သော်လည်း ဆေးရုံ အရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထောင် အရာရှိများက ပြောကြားခဲ့သည်။ ၂၀၀၂-၂၀၀၄ နှစ်အများအတွင်းက ပျောက်ဆုံးခဲ့သည့် အမျိုးသမီးသုံးဦးအား ပြီးခဲ့သည့်မေလကမှ အိုဟိုင်းယိုးပြည်နယ် ကလိဗ်လန်းရှိ ကက်စထရို၏နေအိမ်တွင် တွေရှိခဲ့ပြီး ရဲတပ်ဖွဲ့က ရှာဖွေကယ်ဆယ်ခဲ့သည်။
http://www.bbc.co.uk/news/23955379
...................................................
ယာဉ်ထိန်းရဲအကြီးအကဲဟောင်းအား ချစားမှုဖြင့် အင်ဒိုနီးရှားထောင်ဒဏ်ချမှတ်

အင်ဒိုနီးရှားယာဉ်ထိန်းရဲအကြီးအကဲဟောင်းဖြစ်သူတစ်ဦးအား ချစားမှုဖြင့်ထောင်ဒဏ်ချမှတ်ခဲ့သည်ဟုသိရသည်။ အင်စပက်တာ ဗိုလ်ချုပ်ကြီး ဂျိုကို ဆူဆီလိုအား ချစားမှုနှင့် ငွေကြေးခ၀ါချမှုဖြင့် အင်ဒိုနီးရှားချစားမှုတိုက်ဖျက်ရေး တရားရုံးမှ ယမန်နေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။
Xinhua
........................................................
အာဖဂန်အစိုးရ၏ စစ်ဆင်ရေးတစ်ခုအတွင်း တာလီဘန် ၂၇ ဦးသေဆုံး

အာဖရန်အစိုးရက တာလီဘန်သုတ်သင်မှု စစ်ဆင်ရေးကို နိုင်ငံတစ်ဝှမ်းတွင် ယမန်နေ့နေ့နံနက်ပိုင်းကစတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါ စစ်ဆင်ရေးအတွင်း တာလီဘန် ၂၇ ဦးသေဆုံးခဲ့သည်ဟု အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ "လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အာဖဂန်ရဲတပ်ဖွဲ့၊ စစ်တပ်၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့နဲ့ နေတိုးဦးဆောင်တဲ့ စစ်တပ်တွေ စုပေါင်းပြီး တာလီဘန်သုတ်သင်မှု စစ်ဆင်ရေးတွေ လုပ်ခဲ့ကြပြီး တာလီဘန်စစ်သွေးကြွ ၂၇ယောက် သေဆုံးခဲ့ပါတယ်" ပြည်ထဲရေးက နေ့စဉ်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
http://news.xinhuanet.com/english/world/2013-09/04/c_132690741.htm

အနုကြမ်းစီး၊ လူသတ်မှုဖြစ်ပွား



မန္တလေးမြို့ ၂၆လမ်း ၂၇လမ်းကြား ၇၇လမ်း ချမ်းအေးသာဇံ မြို့နယ် ဟေမာဇလရပ်ကွက် တိုင်းလျှပ်စစ်ရုံး လျှပ်စစ်ဝန်ထမ်း အရာရှိရိပ်သာ ၅လွှာ B8မှာ အနုကြမ်းစီးပြီး လူသတ်မှုဖြစ်ပွါးခဲ့ပါတယ်။

သေဆုံးသူမှာ အသက်၆၃နှစ်အရွယ် ဒေါ်အေးလေး (ခ)ဒေါ်သန်းထွေး ဖြစ် ပါတယ်။ လုယက်ခံရချိန်မှာ ငွေ၅သိန်း ရွေတစ်ကျပ် သား စိန်စွဲသီးတစ် လုံး ပုလဲနားကပ်တစ်ရံ၊ စိန်လက်စွပ်တစ်ကွင်း၊ ကလေး လက်စွပ်တစ်ကွင်းတို့ ပါသွားခဲ့ပါတယ်။

သေဆုံးသူဟာ နေအိမ်မှာတစ်ယောက်ထဲရှိတဲ့ချိန် လာရောက် အနုကြမ်းစီးပြီး သတ်သွားတာလို့ ရဲကဆိုပါတယ်။

အိုဗာစတေးသမားတစ်ယောက်မှ သေနတ်ဖြင့်ခုခံ





၎.၉.၂၀၁၃: ယနေ့ အိုဗာစတေး သမားများ ကို ဖမ်းဆီးတဲ့ OPS 6P အစီအစဉ်ရဲ့ ၄ ရက်နေ့ မြောက်အနေဖြင့် မလေးရှားအစိုးရရဲ့ ကြော်ငြာချက် ကို ယနေ့ Thestar သတင်းစာမှ ဖော်ပြသွားသည် ။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ က Negri Sem­bilan ရှိ ဆောက်လုပ်ရေး တစ်ခုအား ဝင်ရောက်စီးနင်းမှု့တွင် အဆိုပါ ဆိုဒ်ရှိ တရားမဝင်နေထိုင်သူ တစ်ဦး မှ ရုတ်တရက် ပစ်စတို သေနတ်တစ်လက်ထုတ်ကာ ဖမ်းဆီးသည့် အရာရှိအား ချိန်၍ ပစ်ရန်ကြံစည်မှု့တစ်ခု ကို အမှတ်မထင်တွေ့ကြုံရကြောင်း မလေးရှား လဝက အရာရှိ ဒါတွတ် အလီယတ် အာမက်က ယနေ့ သတင်းစာတွင်ပြောကြားကြောင်းသိရသည် ။

အရာရှိ၏ ပြောကြားချက်တွင် ဖမ်းဆီးရေး အဖွဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ရောက်ရှိချိန်တွင် အလုပ်သမားများ မှဆောက်လုပ်ရေး လုပ်ငန်းခွင် နောက်ဘက်တောင်ခြေအထိ သွားရောက် ပုန်အောင်းနေကြသည်ကိုတွေ့ရှိကြောင်း ။ http://www.myanmardailynews.org/2013/09/malaygun.html

သာသနာရေးဦးစီးအချို့မှားယွင်းစွာဆောင်ရွက်နေ

 

ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်လက်ပံတန်းမြို့နယ်မှော်အင်းကျေးရွာအုပ်စုမှော်အင်းဘုန်းတော်ကြီးကျောင်းတွင်သီတငမးသုံးနေသောဦးစန္ဒာသီရိနှင့်အပေါင်းအပါသံဃာများအားနိုင်ငံတော်သံဃမဟာနာယကမှချမှတ်အမိန့်နှင့်စပ်လျင်း၍ဦးစန္ဒာသီရိဘက်အယူခံလွှာတင်းထားပါသည်ထိုသို့အယူခံလွှာတင်ထားပါလျက်ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း(ပြည်)မြို့တိုင်းသာသနာရေးဒုဦးစီးမှုးဦးဝင်းဗိုလ်မှအမိန့်မနာခံဘူးဟုဆိုကာဥပဒေပုဒ်မ၂၀/၉၀ဖြင့်မင်းလှမြို့နယ်တရားရုံးတွင်တရားစွဲဆိုထားပါသည်ဦးစန္ဒာသီရိနှင့်အပေါင်းအပါသံဃာတွေကအမိန့်ကိုမနာခံတာမဟုတ်ပါဘူးမှာယွင်းနေသည့်အတွက်ကြောင့်(၄၇)ပါးစုံညီနှင့်ဝိနိစ္ဆယလမ်းကြောင်းအတိုင်းအမှု့အမှန်ပေါ်ပေါက်သည်အထိဆောင်ရွက်ပေးရန်အယူခံလွှာကိုမဟနရုံးသို့တင်းတာပါဒါကိုပဲဦးဝငိးဗိုလ်အနေနဲ့တရားစွဲမယ်သူ့ကိုအထက်ကညွန်ကြားလို့လုပ်ရတာဆိုတော့သူ့ကိုအထက်ကဘယ်သူကခိုင်းလဲမဟနဆရာတော်ကြီးတွေအနေနဲ့ဦးစန္ဒာသီရိနှင့်အပေါင်းအပါသံဃာတွေကိုပုဒ်မ၂၀/၉၀နဲ့အရေးယူခိုင်းထားတဲ့အမိန့်ရောရှိလားဒါမှမဟုတ်နောက်ဆုံးအဆင့်ဖြစ်တဲ့ဝိနိစ္ဆယဆုံးဖျက်ချက်ရောရှိလားသာသနာရေးဝန်ကြီးရဲ့ညွန်ကြားချက်ရောပါလား...,?ဒါတွေမပါပဲနဲ့လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့လုပ်တာဟာပြဿနာဖြစ်အောင်စခဲ့တဲဦးစန္ဒာသီရိနှင့်အပေါင်းအပါသံဃာတွေကိုအတိုက်အခံပြုလုပ်ကြတဲ့လူတစ်စုဘက်မှရပ်ကာဦးဝင်းဗိုလ်အနေလုပ်နေတယ်ဆိုတာထင်ရှားပါတယ်အခုလိုတရားဆွဲတော့ဦးစန္ဒာသီရိကိုကိုးကွယ်ကြတဲ့ဒါယာကာဒါယိကာမအများစုတို့မခံမရပ်နိုင်တွေဖြစ်နေကြပါတယ်ဒီအတိုင်းသာဆိုရင်အဓိကရုဏ်းအမှု့တွေဖြစ်ဖို့များနေပါပြီဦးဝင်းဗိုလ်အနေနဲ့ဝိနည်းဓမ္မကံလမ်းကြောင်းမပြီးဆုံးသေးတဲ့အမှု့ကိုအခုလိုတရားစွဲဆိုမှု့ပြုတာမဖြစ်သင့်ပါဘူးကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုရင်ဦးစန္ဒာသီရိဘက်ကအယူခံလွှာကိုမဟနရုံးကိုတင်ထားတယ်ရုံးကလည်းလက်ခံထားတယ်တစ်ဖက်ကလည်းဒုဦးစီးမှုးဦးဝင်းဗိုလ်ကလည်းတရားစွဲနေတယ်ဆိုတော့ဦးစန္ဒာသီရိကအယူခံတင်ထားတာစစ်ဖို့ကိုပဲစောင့်ရမှာလားတရားစွဲတာကိုပဲလက်ခံရမှာလားဆိုတာကိုတော့စဉ်းစားသာကြည့်ပါတော့တစ်ကယ်တော့ဦးစန္ဒာသီရိနှင့်အပေါင်းအပါသံဃာတွေမှာအပြစ်မရှိပါဘူ့းသာသနာရေးဦးစီးမှုးတွေရဲ့မှားယွင်းစွာဆောင်ရွက်နေမှု့တို့ကြောင့်သာလျင်မလိုလားအပ်သောပြဿနာတွေဖြစ်နေကြရတာဆိုကိုသမ္မကြီးသိအောင်ပြောပြချင်ပါတယ် 

Thursday, 15 August 2013

» ဒီကေဘီအေနှင့် ရဲတပ်ဖွဲ့ဝင်အကြား တင်းမာမှုဖြစ်ပွား


ကရင်ပြည်နယ် အတွင်းရှိ ကော့ကရိတ်မြို့တွင် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)မှ ဖွင့်လှစ် ထားသည့် အကြွေစေ့ထည့်၍ ကစားရသော ဂိမ်းပစ္စည်းများကို ကော့ကရိတ် ရဲတပ်ဖွဲ့များက သွားရောက်သိမ်း ဆည်း လိုက်သောကြောင့် ယမန်နေ့က နှစ်ဖက်အကြား တင်းမာမှုများ ဖြစ်ပွားခဲ့ရသည်ဟု သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


» မီးပြတ်၍ ဓါတ်လှေခါးအတွင်း ပိတ်မိသူ အမျိုးသမီးနှစ်ဦး မီးသတ်တပ်ဖွဲ့မှ ကယ်တင်ခဲ့ရ



သြဂုတ် ၁၄ ရက် ညနေ ၃ နာရီ ၅၅ မိနစ်ခန့်က လျှပ်စစ်မီး ရုတ်တရက် ပြတ်တောက်သွားသဖြင့်    ဗိုလ် တထောင်မြို့နယ် (၁ဝ) ရပ်ကွက် ၄၅ လမ်း(အထက်) -အမှတ် ၁၅၈၊ ၁ ခန်း ရှစ်ထပ်တိုက်၏  ခြောက်လွှာထပ်နှင့် ခုနစ်လွှာအကြား အရောက်၌ ဓာတ် လှေကား ရပ်သွားရာ  အမျိုးသမီးနှစ်ဦး   ဓာတ်လှေကားအတွင်း   ပိတ်မိနေ ကြောင်း    မီးပြန်လာသော်လည်း    ဓာတ်လှေကားမှာ  ပြန်လည်အတက် အဆင်းမလုပ်နိုင်ဘဲ   ပိတ်မြဲပိတ်နေ သည်ဟု    ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မီးပြတ်၍ ဓါတ်လှေခါးအတွင်း ပိတ်မိသူ အမျိုးသမီးနှစ်ဦး မီးသတ်တပ်ဖွဲ့မှ ကယ်တင်ခဲ့ရ